သတင်းထုတ်လွှင့်ချက် - ( EP - 275)
မေလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ကားလမ်းပေါ်က ပဲဒက် စစ်ကောင်စီ စခန်းကုန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူး ပေါင်းတပ်ဖွဲ့တွေက သိမ်းယူလိုက်ပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း က ရွာတစ်ရွာမှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ကိုရင်လေးတစ်ပါးအပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ထုတ်ပြန်ပါတယ်။
- စစ်ကောင်စီတပ်ဟာ ဆီဆိုင်မြို့နယ်ထဲက ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ပြုလုပ်နေတယ်လို့ မြေပြင်က သတင်းရင်းမြစ်တွေက ပြောပါတယ်။
- မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က ဆေးရုံတစ်ရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
- သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီရဲ့အတင်းအကျပ် ဖိအားပေးမှုကြောင့် နေရပ်ပြန်ကြတဲ့ ဆီဆိုင်ဒေသခံတချို့ရှိသလို တစ်ဖက်မှာလည်း ထပ်ပြီးစစ်ဘေးရှောင်နေကြရတဲ့သူတွေလည်းရှိတယ်လို့ နေတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။