တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 28 )
ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်
ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ KNDO ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဒီဇူလိုင် လထဲမှာပဲ ကော်သူးလေ တပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ဘာလို့ ဒီလိုမျိုး ဖွဲ့စည်း လိုက်တာလဲ။ ဒီလိုဖွဲ့စည်းလိုက်တဲ့အပေါ် KNU/ KNLA/ KNDO တို့က ဘာတွေပြောဆိုလိုက်လဲ။ ပြည်သူ တွေနဲ့ အရပ်ဘက်အဖွဲ့စည်းတွေကရော ဘယ်လို စိုးရိမ်မှုတွေရှိနေလဲ။ စတာတွေကို တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် Podcast အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။