Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 280)

မေလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။

KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်

ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၂၁ ရက်နေ့  က စစ်ရေးဗျူ ဟာအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ ၃၂၁ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခလရ ၃၂၁ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေနဲ့ ဝိုင်းမော်၊ လိုင်ဇာ၊ ဗန်းမော် လမ်းကြောတစ်လျှောက်ကို ထိန်းချုပ်ထားပြီလို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

လမ်းကြောတစ်လျှောက် သိမ်းပိုက်ရရှိထားတဲ့ စခန်းအရေအတွက် နယ်မြေထိန်းချုပ်မှု အခြေအနေနဲ့ ကချင် ပြည်နယ်ထဲက တိုက်ပွဲ အခြေအနေတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA  သတင်းနဲ့ ပြန်ကြားရေး တာ ဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကို စောဘွေးက ဆက်သွယ်မေးမြန်းထားပါတယ်

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။