Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 282)

မေလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။

ကရင်နီလူမှု အသင်းအဖွဲ့များကွန်ရက် (KCSN) ညှိနှိုုင်းရေးမှူး ခူးကိုရယ် နဲ့ ဆက်သွယ်မေးမြန်းချက်

ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် KCSN က ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ကရင်နီပြည်နယ်နဲ့ ရှမ်း-ကရင်နီ နယ်စပ်က အရပ်သားပြည်သူတွေအပေါ်  စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်တာတွေ အပါအဝင် တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဧပြီလ ၈ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်က အရပ် သားပြည်သူ ၁၆ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို ဘယ်လိုသတ်ဖြတ်ခဲ့တာလဲ၊ ဘာကြောင့် သတ်ဖြတ်ခဲ့တာလဲ၊ ဒေသခံ ပြည်သူတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဘာကြောင့် ဆက်လက် ဖြစ်ပွားနေ တာလဲ စတာတွေ အပါအဝင် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကရင်နီလူမှု အသင်းအဖွဲ့များကွန်ရက် (KCSN) ညှိနှိုုင်းရေးမှူး ခူးကိုရယ်ကို ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။