သတင်းထုတ်လွှင့်ချက် - ( EP - 283)
မေလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက နောင်တာလောကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် ကလေးငယ်တွေ အပါအဝင် ဒေသခံ လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ဆီဆိုင်မြို့နယ်ထဲမှာ လူနေအိမ် အလုံး ၄၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ပြည်သူ တစ်သောင်းခွဲကျော်လည်း စစ်ဘေးရှောင်နေကြရပါတယ်။
တအာင်းတပ် PSLF/TNLA က ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ တအာင်းပြည် ပညာရေးကောင်စီ - TLEC က ဆရာ/ဆရာမ တစ်ထောင်ကျော် သင်တန်းဆင်းခဲ့ကြပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်ဆိုင်းမှာ သတ္တု တူးဖော်နေတဲ့ တရုတ်နိုင်ငံသား နှစ်ယောက်ကို ဟဲဟိုးမြို့ နယ်မြေရဲစခန်းက ဝင်ရောက် ဖမ်းဆီးသွားခဲ့တယ်ဆိုတဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။