သတင်းထုတ်လွှင့်ချက် - (EP - 284)
မေလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အထွက်မှာ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ ဒေသခံပြည်သူတွေထဲက ၂၅ ယောက်ထက်မနည်း ထိမှန်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ထဲမှာတော့ ဘာသာရေး အဆောက် အအုံ အလုံးရေပေါင်း တစ်ရာကျော် ထိမှန်ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ် ပြန်ပါ တယ်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့ မြို့မရပ်ကွက်ရှိ သံတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင် လေးယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ဖု့ချီးမူ တပ်စခန်း ကို KNLA၊ PDF နဲ့ ဒရုန်းပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ပြီလို့ အထူးစစ်ဆင် ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင် စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်တွေက လူမရှိတော့တဲ့ နေအိမ်တွေထဲက အဖိုးတန် ပစ္စည်းတွေကို ခိုးယူပြီး ပြန်လည်ရောင်း ချနေတဲ့ အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။