Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 287)

မေလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။

"Lose and Hope"  ရုပ်ရှင် ဒါရိုက်တာ ဂျွန်မီယာ နဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်နီပြည်နယ်ရဲ့ ပထမဆုံး တော်လှန်ရေး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "Lose and Hope" ကို  Karenni's Arts Creation - KAC က ကမကထပြုပြီး ရိုက်ကူးခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို KAC တာဝန်ခံ ဂျွန်မီယာ က ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးခဲ့ပါတယ်။

ဒါရိုက်တာ ဂျွန်မီယာဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ဗဟို မိုင်းဌာနမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး  အဲဒီနောက်မှာတော့ သူတတ်စွမ်းတဲ့ အနုပညာနဲ့ ဆက်ပြီး တော်လှန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ကရင်နီပြည်အတွက်ရော သူ့အတွက်ရော ပထမဆုံး ဇာတ်ကား ဖြစ်တယ်လို့ ဆိုပါတယ်။

 ဒီ Lose and Hope ရုပ်ရှင်ဇာတ်ကားက တစ်ခြား တော်လှန်ရေးဇာတ်ကားတွေထက် ဘာတွေပိုပြီး ထူးခြားနေတာလဲ။ ဘာကြောင့် ဒီရုပ်ရှင်ကို ရိုက်ဖြစ်ခဲ့တာလဲ။ရိုက်ကွင်းအတွေ့အကြုံတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေကြားက စွန့်စားပြီးရိုက်ကူးခဲ့ရတာလဲ ၊ဘယ်နေရာတွေမှာပြသနေပြီလဲ ၊ဘယ်နေရာတွေမှာဆက်ပြီးပြသဖို့ရှိနေသလဲ စတာတွေကို ဒီဇာတ်ကားရဲ့ ဒါရိုက်တာ ဂျွန်မီယာကို ကိုပီတာ က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။