Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 288)

ဇွန်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ကရင်နီပြည်နဲ့ ဖယ်ခုံမြို့နယ်ထဲက အရပ်သားပြည်သူ ၅၀၀ ကျော်သေ ဆုံးခဲ့ရပါတယ်။

ဗျိုင်းဖြူကျေးရွာက ပြည်သူတွေ အစုလိုက် သတ်ဖြတ်ခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွား မယ်လို့  အာရက္ခတပ်တော် (AA) ကထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ဒေသခံ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

ပင်လောင်းမြို့နယ်ထဲက စစ်ဘေးရှောင် တစ်သောင်းခန့်ဟာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး လက်ရှိမှာ အကူအ ညီတွေလို အပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ သူတွေက ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က စစ်မှုထမ်း လူစား ထိုးစရိတ်အတွက် ငွေကြေး ကောက်ခံနေတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။