Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 291)

ဇွန်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်မှုကြောင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အသက် ၉ နှစ်ကျော် အရွယ် ကလေးငယ်တစ်ယောက် သေဆုံးပြီး ပြည်သူ ၁၇ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဆီဆိုင် ဒေသခံတွေအနေနဲ့ ရွာကို ပြန်မလာရင် နေအိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီ တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO က ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲက  စစ်ဘေးရှောင်အတွက်  စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုး အကာတွေလည်း အရေးပေါ် အကူညီလို အပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် နေအိမ်က ပစ္စည်းတွေ ခိုးယူခံနေရတယ်လို့ ဝိုင်းမော် စစ်ဘေးရှောင်တွေက ပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ လွိုင်ကော် အကျဉ်းထောင်က ထောင်တွင်း ကျန်းမာရေ စောင့်ရှောက်မှု အခြေ အနေ အကြောင်းကို သတင်းပေးပို့ချက်ထဲမှာ ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။