သတင်းထုတ်လွှင့်ချက် - (EP - 292)
ဇွန်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ထဲကို မနေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ တဲ့အတွက် ဒေသခံ အရပ်သား တစ်ယောက် သေဆုံး ပြီး ခုနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ တစ်ယောက် သေဆုံးပြီး ၅ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ် ပြန်ပါတယ်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ထဲက ယာဖူးရွာသစ်ထဲကို လက်နက်ကြီး ကျရောက်ပေါက် ကွဲ ခဲ့တဲ့အတွက် မိသားစုဝင် ၃ ယောက် ထိမှန် သေဆုံးခဲ့ပါတယ်။
ထားဝယ်မြစ်ထဲမှာ ငါးဖမ်းလှေငယ်တစ်စီး နစ်မြုပ်ပြီး အမျိုးသားနှစ်ယောက် ရေနစ်သေဆုံး သွားခဲ့တယ်လို့ မြို့ခံ တွေ က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၃ ခုနဲ့ တနိုင်းမြို့နယ်ထဲက တပ်စခန်း ၁ ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က တိုက်ခိုက်သိမ်း ယူလိုက်တဲ့ အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။