သတင်းထုတ်လွှင့်ချက် - (EP - 293)
ဇွန်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်က ပြည်သူ ၅၀၀ ခန့်ဟာ တတိယအကြိမ် ထပ်မံစစ် ရှောင်နေ ကြရပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။
လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းကို ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင် ခင်း၊ အမိုး အကာနဲ့ စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ရေး-ထားဝယ် သွား အမှတ် ၈ ပြည်ထောင်စု လမ်းပိုင်းကို ပြည်သူလူထုများအနေနဲ့ မလိုအပ်ဘဲ ခရီးသွား လာတာတွေ မပြုလုပ်ကြဖို့ ဒေါနစစ်ကြောင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတစ်ခုဟာ မုံရွာမြို့နယ်ထဲရှိ အရပ်သား နေအိမ်တချို့နဲ့ လက်ဖက်ရည် ဆိုင် တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးသွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ကို ပစ် သတ်သွားခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်၊ လွိုင်ကော်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီလို့ စစ်ကောင်စီက ဝါဒဖြန့် ပြောဆိုထားတဲ့အကြောင်း ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။