Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 294)

ဇွန်လ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- မောင်တောမြို့က စစ်ကောင်စီတပ်ရဲ့ လက်ကျန် စခန်း တွေကို ထိုးစစ်ဆင်တိုက်ခိုက်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအားလုံး မြို့ထဲကနေ အမြန်ဆုံးထွက် ခွာကြဖို့ ULA/AA သတိပေး ထုတ်ပြန်ပါတယ်။

ဆီဆိုင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တို့အကြားက  တိုက်ပွဲတွေကြောင့် ဒေသခံ ခုနှစ်ရာလောက် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

တနင်္သာရီမြို့နယ်ထဲက အောင်သာဝရ စစ်ကောင်စီ တပ်စခန်းကို KNU တပ်မဟာ ၄ က တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။

ကော့သောင်းမြို့နယ်မှာတော့ အခုနှစ်အတွင်း လျှပ်စစ်မီတာခ စျေးနှုန်းတွေ စံချိန်တင် မြင့်တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှာ ဓါတ်လိုက်ပြီး ဒဏ်ရာရသွားတဲ့ အကျဉ်းသားနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းဖုံးကွယ်ထားတယ်လို့ နီးစပ်သူတွေက ပြောဆိုလိုက်တဲ့ အကြောင်းကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။