သတင်းထုတ်လွှင့်ချက် - (EP - 295)
ဇွန်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲက ကံဆိပ်ကျေး ရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၃ ယောက်ထိမှန် သေဆုံးခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ မိုးမိတ်မြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ PSLF/TNLA က ပြောပါ တယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ ၂ ယောက် သေပြီး ၅ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံဆေးရုံမှာ မိုင်းပြင်းမြို့နယ်က လာရောက် မီးဖွားတဲ့ အမျိုးသမီး တစ်ယောက် ကလေးအပိုင်းပိုင်း ပြတ်ထွက်ပြီး သေဆုံးသွားပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့အတွက် KIA က တပ်မဟာ ၁၁ ကို တိုးချဲ့ ဖွဲ့စည်းလိုက်တာလို့ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA က ပြောဆိုလိုက်တဲ့ အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။