သတင်းထုတ်လွှင့်ချက် - (EP - 296)
ဇွန်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် နောင်ချို့မြို့နယ် ထဲမှာ TNLA တပ်ဖွဲဝင် ၁ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့မှာ အခြေခံစား သောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တို့ ဇွန်လ ၁၈ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
မြိတ်မြို့မှာတော့ VPN App အသုံးပြုတယ်လို့ စစ်ဆေးတွေ့ရှိ တယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက် ငွေတောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံ တချို့က ပြောပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ဖောက်ထွင်းခိုးယူသူ တွေကြောင့် နေရပ်ပြန် လာတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ ပြန်လည်ထူထောင်ရေး အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ခေတ္တပြန်ရောက်နေသူတွေက ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။