Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 298)

ဇွန်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) တို့က တပ်သားသစ် အပြိုင်စုဆောင်းနေတယ်လို့ ဒေသတွင်း သတင်း အရင်း အမြစ်တွေက ပြောပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာ မရတာ ၆ လ ရှိပြီလို့ စစ်ရှောင် စခန်းတာဝန်ခံက ပြောပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ဖားဆောင်းမြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အသုံးပြုတဲ့ လက်နက်တွေက ထွက်တဲ့ ယမ်းငွေ့တွေကို ရှုမိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မူးဝေအော့အန်တာ၊ မျက်စိစပ်တာ၊ မျက်ရည်ကျ တာတွေ ရှိနေတယ်ဆိုတဲ့ အကြောင်း ကို ကြားကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။