သတင်းထုတ်လွှင့်ချက် - (EP - 299)
ဇွန်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။
ဂျွန်မီယာ (သို့မဟုတ်) အနုပညာနဲ့ စစ်ကောင်စီကို တော်လှန်သူ
နွေဦးတော်လှန်ရေးမှာ နိုင်ငံတစ်ဝှမ်းက လူငယ်တွေဟာ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လိုက်သူ အများအပြား ရှိနေပါတယ်။
အဲ့ဒီထဲမှာ ကရင်နီစစ်ဘေးရှောင်လူငယ် ဂျွန်မီယာလည်း ပါဝင်ပါတယ်။
သူဟာ လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကို တွန်းလှန်နေသလို ကင်မရာကိုင်ပြီး သူလုပ်ချင်တဲ့အနုပညာ အလုပ်ကိုလည်း လုပ်နေသူပါ။ ကရင်နီ တော်လှန်ရေး ရုပ်ရှင်ဇာတ်ကားကိုလည်း တိုက်ပွဲတွေကြားထဲကနေပဲ ရိုက်ကူးနိုင်ခဲ့ပါတယ်။
လက်ရှိမှာ သူရိုက်ကူးခဲ့တဲ့ တော်လှန်ရေး ရုပ်ရှင်ဇာတ်ကားကို နိုင်ငံတော်တော်များများမှာ ပြသနေသလို ကြည့်ရှု့ သူတွေရဲ့ ကြိုက်နှစ်သက်မှုကိုလည်း ရရှိထားပါတယ်။
ဂျွန်မီယာရဲ့ ဘဝဖြတ်သန်းမှု ၊ တော်လှန်ရေးထဲက အတွေ့အကြုံတွေကို ပေါ့စ်ကတ် အစီအစဉ်ကနေ အားမီက တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။