သတင်းထုတ်လွှင့်ချက် - (EP - 300)
ဇွန်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံး
ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုင်းဇက်ခင်က အတွင်းရေးမှူး အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် အမြတ်ထုတ်မှု အကြိမ်ကြိိမ် ပြုလုပ်ခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ ဇွန်လ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အန္ဒိယ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အပါအဝင်၊ အလားတူ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူဖိုနဲ့ နစ်နာသူ အမျိုးသမီး၊ မိန်းကလေးငယ်တွေအတွက် အမှန်တရားနဲ့ တရားမျှတမှုကို အမြန်ဖော်ဆောင်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က အမျိုးသားညီညွတ်ရေး အစိုး ရ (NUG) ကို လေးနက်စွာ တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းထားပါတယ်။
ဆလိုင်းအိုက်ဇက်ခင်မှ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်၊ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဆလိုင်းအိုက်ဇက်ခင်က ငြင်းဆိုခဲ့တဲ့အပေါ် အမြင်နဲ့ အမှုနဲ့ ပတ်သက်ပြီး လက်ရှိတော်လှန်ရေးနယ်မြေထဲက အမျိုးသမီးတွေအပေါ် ရိုက်ခတ်နိုင်မှုတွေ၊ NUG ရဲ့ တုန့်ပြန်မှုအပေါ် ဆက်လက်ဆောင်ရွက်သွားမယ့် အခြေနေတွေကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနဲ့ထုတ်ပြန်ချက် ပြောရေးဆိုခွင့်ရှိသူ မီးငယ်ကို ကိုပီတာ က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။