သတင်းထုတ်လွှင့်ချက် - (EP - 302)
ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ကျောက်မဲမြို့နယ် ခိုမုန်းရွာမှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ယောက် အပါအဝင် ၃ ယောက် သေဆုံးသွား ပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက ရပ်ကွက်တချို့မှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သားနေ အိမ် ထိမှန်ပျက်စီးမှုတွေ ရှိနေပါတယ်။
တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ ခဲ့ပြီး အမျိုးသမီးတစ်ယောက် သေဆုံးသွားပါတယ်။ သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည်နယ်မှာ K pay နဲ့ Wave pay တို့ကနေ ငွေထုတ်ယူရာမှာ ထုတ်ခ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်ခံနေရလို့ ကြုံနေရတဲ့ အခက်အခဲတွေ နစ်နာမှုတွေ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။