သတင်းထုတ်လွှင့်ချက် - (EP - 303)
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရှမ်းပြည်နယ် တောင်ကြီးမြို့အဝင် စစ်ဆေးရေး ဂိတ်တွေမှာ စစ်ဘေးရှောင်ကားတွေကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေက ငွေကျပ် ၂ သိန်း ကောက်ခံ နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဆန်ဝယ်ယူလို့ မရတာကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ရေဘေးသင့် ကျေးရွာနေ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ အတွက် အကူညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေ သူတွေက ပြောပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ တစ်ယောက်သေဆုံးပြီး တစ်ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကရင်နီပြည် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက ရွာတိုင်းနီးပါး တုပ်ကွေးနဲ့ ငှက်ဖျား ရောဂါအဖြစ်များနေပြီး ဆေးဝါး အကူအညီတွေလည်း လိုအပ်နေတဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။