သတင်းထုတ်လွှင့်ချက် - (EP - 304)
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့ တွေက ထုံးကြီးတိုက်နယ် ရဲစခန်းက စစ်သုံ့ပန်း အယောက် ငါးဆယ်နီးပါးကိုဖမ်းဆီးခဲ့ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက သိန္နီမြို့မဈေးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ် သား ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အရှေ့ပိုင်းက ရပ်ကွက်တစ်ခုထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသား ၃ ယောက် သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်ထဲမှာတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဓမ္မအမှုတော်ဆောင် ဆရာတစ်ပါးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ နွေဦးတော်လှန်ရေး ကာလအတွင်း လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခထောက် ချောက်တွေကို သတိထားကြဖို့ နဲ့ တော်လှန်ရေး အင်အားစု အချင်ချင်း ပိုပြီး စုစည်းနိုင်အောင် ကြိုးစားအား ထုတ်ကြဖို့ NUG ယာယီ သမ္မတ သတိပေး ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။