သတင်းထုတ်လွှင့်ချက် - (EP - 305)
ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- လားရှိုးမြို့က မိဘမဲ့ကလေးဂေဟာ တစ်ခုထဲ လက်နက် ကြီးကျည် ကျရောက်ခဲ့တာကြောင့် ကလေးငယ်တစ်ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။
စဉ့်ကူးမြို့သိမ်း တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ် အရာရှိတချို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ စခန်းတွေနဲ့ မြို့တွေကို တော်လှန်ရေးတပ်ဖွဲ့ တွေအနေနဲ့ သိမ်းထားနိုင်ရုံသာမဟုတ်ပဲ ထိန်းထားနိုင်ဖို့လည်း လိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောလိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။