Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 306)

ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ​ရဲ့ ခလရ (၄၁) တပ်ရင်း နဲ့ ခလရ (၆၈) တပ်ရင်းတို့ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။ 

မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိပ်ရွာနားက အချုပ်ထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တအာင်း တပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြန်လွှတ်လာပြီလို့ နီးစပ် သူတွေက ပြောပါတယ်။ 

သတင်းပေးပို့ချက်ထဲမှာတော့ လားရှိုးမြို့နယ်ထဲမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးထားတဲ့ စစ်ဘေးရှောင် တအာင်းလူငယ်တွေနဲ့ အဆက်အသွယ် မရသေးတဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။