Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 307)

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီး အဆင့် ရှိသူ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၃၀၀ ကျော် အလင်းဝင်လာတယ်လို့ ကိုးကန့်အဖွဲ့ MNDAA က သတင်းထုတ် ပြန်ပါတယ်။ 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျွဲထိုးရွာမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ယောက် သေဆုံးသွားပါတယ်။ 

စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်းရွာ အပါအဝင် မြသိန်းတန်ဘုရား အနီးဝန်းကျင်းက ရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ သတင်းပေးပို့ချက်ထဲမှာတော့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့နိုင်ငံဝန် ထမ်းတွေကို နာမည် ပျက်စာရင်း (Black lists) ကနေ ဖြေလျှော့ပေးမယ့် စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုမှုနဲ့ ပတ် သက်ပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေဘယ်လို တုန့်ပြန်လိုက်ကြလဲ ဆိုတဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ လားရှိုးမြို့နယ်ထဲမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးထားတဲ့ စစ်ဘေးရှောင် တအာင်းလူငယ်တွေနဲ့ အဆက်အသွယ် မရသေးတဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။