သတင်းထုတ်လွှင့်ချက် - (EP - 310)
ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရခိုင်ပြည်၊ မောင်တောမြို့နယ်ထဲ ရွာတစ်ရွာကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၅ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိသွားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့ကို ဇူလိုင်လ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၃ ယောက် သေဆုံးသွားခဲ့ပါတယ်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲမှာ ဆိုင်ကယ်စီးလာတဲ့ ကိုယ်ဝန်ဆောင် လင်မယားကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ သတင်းပေးပို့ချက်ထဲမှာတော့ မိုးမြဲမြို့နယ် အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခမရ ၄၂၂ တပ်ရင်းက မိုးဗြဲ ရေကာတာကို ဖွင့်ချလိုက်တာကြောင့် ဒေသခံတွေ၊ စစ်ရှောင်တွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။