သတင်းထုတ်လွှင့်ချက် - (EP - 311)
ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ --- ရှမ်းမြောက်၊ လားရှိုးမြို့ထဲကို နှစ်ဖက် လက်နက် ကိုင်တပ်တွေရဲ့ ခွင့်ပြုချက်နဲ့ ဝင်ရောက် တပ်စွဲတာဖြစ်တယ်လို့ UWSA က ပြောပါတယ်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား အယောက် နှစ်ဆယ်ကို စစ်သုံ့ပန်းအဖြစ် ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန်ပါတယ်။
ဗန်းမော်မြို့အနီးတဝိုက်မှာ စစ်တပ်နဲ့ ကချင်တပ် KIA တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြို့အဝင်အထွက် နေရာမှာတွေ ပိတ်ကုန်ပြီးလို့ ဒေသခံတွေက ပြောပါတယ်။ သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက နှစ်လအတွင်း နိုင်ငံရေး အကျဉ်းသား တစ် ထောင်နီးပါးကို ထောင်ပြောင်းရွှေ့မှု လေးကြိမ် လုပ်ခဲ့လို့ နိုင်ငံရေး အကျဉ်းသားတွေ ကြုံနေရတဲ့ အခက်အခဲ တွေက ဘာတွေလဲ စတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။