သတင်းထုတ်လွှင့်ချက် - (EP - 314)
ဩဂုတ်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အနေနဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူရာမှာ အလကား မပေးဘဲ ပစ္စည်းတန်ဖိုး အတွက် ပိုက်ဆံယူကြဖို့ ဈေးသည်တွေကို (MDY PDF) က ထုတ်ပြန် တောင်းဆိုထားပါ တယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူဘက်မှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ အကြောင်းနဲ့ ကရင်နီ၊ လွိုင်ကော်မြို့မှာ အရပ်သား ပြည်သူတွေရဲ့ အိမ်တွေကို စစ်ကောင်စီတပ်က နေ့တိုင်း မီးရှို့ ဖျက်ဆီးနေတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။