Listen

Description

တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 32 )

ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲ ကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ဘယ် လောက်ရှိသွားပြီလဲ၊ တိုက်ပွဲတွေရော ဘယ်လောက်အထိဖြစ်ပွားနေပါသလဲ။ စစ်ကောင်စီက နိုင်ငံတကာ ရာဇ ဝတ်မှုတွေကို ချိုးဖောက်နေတာကြောင့် အမှန်တရားနှင့် တရားမျှတမှုအတွက် နိုင်ငံတကာက ကူညီပေးရန် ND-Burma တောင်းဆိုထားပါတယ်။ ဒီအကြောင်းအရာတွေကိုတော့ ဒီတပတ်ရဲ့ တိုင်းရင်းသားရေးရာ သတင်း သုံးသပ်ချက် အစီအစဉ်ကနေ စုစည်းတင်ဆက်ပေး ထားပါတယ်။ 

သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။