Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 320)

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းပေးပို့ချက်ထဲမှာတော့ ဆားလင်းကြီးမြို့နယ်ထဲက ရွာတစ်ရွာမှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ထိမှန်ပြီး အမျိုးသမီးတစ်ယောက် ကိုယ်ဝန် ပျက်ကျသွားပါတယ်။

ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ ဟားခါးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းဟာ စစ်ရေးအရ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတဲ့ သတင်းပေးပို့ချက်တွေနဲ့ အတူ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။