သတင်းထုတ်လွှင့်ချက် - (EP - 325)
ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပေါ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဒေသခံနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်ပြင်းထန်နေပြီး သုံးရက်တာအတွင်း စစ်ကောင်စီဘက်က အယောက် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ အမျိုးသမီးတွေကိုပါ စစ်ကောင်စီ က စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့ စုဆောင်းမှုတွေကို အတင်းအကြပ် ဖိအားပေး လုပ်ဆောင်နေတဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။