သတင်းထုတ်လွှင့်ချက် - (EP - 327)
စက်တင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ကျောက်ပန်းတောင်းမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြင်းခြံကုန်းရွာက မိသားစုဝင် လေးယောက် သေဆုံးခဲ့ပါတယ်။
နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတဝိုက်ကို ပြင်ဦးလွင်မြို့အထိုင် စစ်တပ်စခန်းတွေကနေလက်နက်ကြီး တွေ နဲ့ ပစ်ကူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ “၁၀၂၇” စစ်ဆင်ရေးထဲ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေထဲမှာအုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နိုင်ရေး ဒေသခံလူထုနဲ့ ပူပေါင်းလုပ်ဆောင်သွားမယ်လို့ TNLA ရဲ့အထွေထွေ အတွင်းရေး မှူး ဗိုလ်ချုပ် တာဘုန်းကျော်က ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။