Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 331)

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ပြည်သူလူထုကို သတ်ဖြတ်နေမှု အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုး နွယ်အပေါ်  ပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်တွေကို မှတ်တမ်းတင်ထားကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နေ့တိုင်းလိုလို တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တောင်ပိုင်းညီနောင်များ တပ်ပေါင်းစု စစ်ကြောင်းက ပြောပါတယ်။ 

သတင်းပေးပို့ချက်တွေထဲမှာတော့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက် ပိုင်း၊ လားရှိုးမြို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နိုင်ရေး စာရင်းပေး သွင်းနိုင်တယ်လို့ ထုတ်ပြန်ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။