သတင်းထုတ်လွှင့်ချက် - (EP - 332)
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရတဲ့ လူငယ် ၂၇ ယောက်က အစောင့်စစ်သား နှစ်ယောက်ကို တိုက်ခိုက်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကနေ အိန္ဒိယနိုင်ငံရှိ နာဂလဲန်း ပြည်နယ်ထဲ တိမ်းရှောင်နေရတဲ့ ပြည်သူတွေ ထောက်ပံ့ကြေးမရတော့လို့ နေထိုင်စားသောက်ရေး အခက်တွေ့နေကြပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ပုလောမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေနဲ့ လူငယ်အယောက် ၂၀ ကျော်ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။