သတင်းထုတ်လွှင့်ချက် - (EP - 333)
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ရခိုင်ပြည် မောင်တော်မြို့ရှိ နခခ - ၂ စခန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေ၊ ရိုဟင်ဂျာတွေနဲ့ အရပ်သား အကျဉ်းသား ၅၀ ကျော် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ကရင်နီပြည်ထဲ နဲ့ ရှမ်း-ကရင်နီ အစပ်မှာ မိုးအဆက်မပြတ် မိုးရွာသွန်းနေတာကြောင့် ပြည်သူ ၃၀,၀၀၀ ဝန်းကျင် ရေဘေးသင့်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ မိုးကုတ်မြို့မှာ ကျောက်မျက်လုပ်ငန်းတွေ ပြန်မလည်ပတ်နိုင်သေးတဲ့ အတွက် ကျောက်မျက်လုပ်ငန်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေ ဘယ်လို အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာလဲ ဆိုတဲ့အကြောင်း တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။ ဒီနေ့ရဲ့ အစီအစဉ်ကိုတော့ ကျနော်နဲ့အတူ စမိုင်းလ် ကနေ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။