Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 336)

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီကနေ့မှာတော့ ဆက်သွယ်မေးမြန်းချက်တပုဒ်ကို တင်ဆက်ပေးထားပါတယ်။ 

အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမားတွေကို  နေ့စဉ် အခြေခံလုပ်အားခ ဘတ် ၄၀၀ သတ်မှတ် ပေးသွားမည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး က ပြောဆိုလိုက်ပါတယ်။

အလုပ်ရုံကြီးတွေက အလုပ်သမားတွေကို အခြေခံ လုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ထဲမှာ ရွှေ့ပြောင်း အလုပ်သမားတွေ အပါအဝင် အလုပ်သမားအားလုံးမှာ အကျုံးဝင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ရာသီအလိုက် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေ၊ ရေလုပ်သားတွေကိုလည်း အလုပ်စံချိန်စံညွှန်းတွေနဲ့ အညီ လုပ်ခတိုးမြင့်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ခလစာတိုးပေးမယ့် ကိစ္စရပ်မှာတော့ ကန့်သတ်ချက် တချို့ရှိတယ်လို့ ဆိုပါတယ်။ 

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ခံ ကိုပြည့်ဖြိုးကျော်ကို သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။