သတင်းထုတ်လွှင့်ချက် - (EP - 337)
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ တင်ဆက်ပေးမယ့် သတင်းပေးပို့ချက်တွေထဲမှာတော့ … လိင်အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေအတွက် အမှန်တရားပေါ်ပေါက်ရေး ထိခိုက်ခံစားရတဲ့ အမျိုးသမီးတွေရဲ့ အသံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဖို့ အရေးကြီးတယ်လို့ BWU က ပြောဆိုလိုက်ပါတယ်။
ကရင်နီ-ရှမ်းတောင်နယ်စပ်က တိုက်ပွဲထဲ အရပ်သား ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေး KNDF က ပြောပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) က စစ်တွေမြို့ လုံခြုံရေးအတွက် အခက်အခဲအမျိုးမျိုး ကြား ကနေ ကင်းလှည့်တာမျိုးအပြင် အရပ်သားတွေကို ဆေးကုသပေးတာမျိုးတွေပါ လုပ်နေတယ်လို့ ပြောဆိုချက်က လူထုရဲ့ ပြောဆိုချက်တွေနဲ့ ကွဲလွှဲနေတဲ့အကြောင်း သတင်းပေးပို့ချက်တွေနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။