Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 339)

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းပေးပိုပချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

စစ်မှုထမ်းဖို့ စုဆောင်း ခံထားရတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စားသောက် နေထိုင် ရေးနဲ့ တခြား ဝေယျာဝစ္စတွေကို ဖိအားပေးခိုင်းစေမှုတွေ ခံနေကြရပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နာမည်ကို ဆက်လက်အသုံးပြုပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်လို့ ဦးဆောင်နာယတာဝန်ယူခဲ့တဲ့က ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောဆို လိုက်ပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ရေဆက်ကြီးနေတဲ့အတွက် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ နေထိုင်စား သောက်ရေး ပိုခက်ခဲလာနေတဲ့ အကြောင်းနဲ့ ဖရူဆိုမြို့နယ်ထဲက မြေပြိုမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရမယ့် ရွာသူရွာသားတွေရဲ့ အခက်အခဲတွေအကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။