Listen

Description

တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (EP - 34 )

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား နှစ်ပတ်ကျော်အကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါ တယ်။ တိုက်ပွဲအ တွင်း စစ်တပ်က လေကြောင်းအသုံးပြုဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ တရွာ လုံးနီးပါး မီးလောင် ပျက်စီးမှုတွေရှိခဲ့ပါတယ်။  ဒီဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး နှစ်ဖက်လက်နက်ကိုင်တွေ တာဝန် ယူပေးဖို့လည်း ဒေသခံတွေက တောင်းဆိုထားသလို စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်တပ်ကို နိုင်ငံတ ကာ အသိုင်းအဝိုင်းက အရေးယူပေးဖို့လည်း တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ TPCC နဲ့ တအာင်းအရပ် ဘက် အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တင်ဆက်ပေးထားပါတယ်

သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။