သတင်းထုတ်လွှင့်ချက် - (EP - 342)
အောက်တိုဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။
ကရင်လူ့အခွင့်အရေးအဖွဲ့ - KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် အလွှာ အသီးသီးက လူငယ်တွေဟာ ထိုင်းနိုင်ငံထဲကို တိမ်းရှောင်လာခဲ့ကြပါတယ်။
တရားဝင် တိမ်းရှောင်လာကြတဲ့ လူငယ်တွေ ရှိသလို တရားမဝင်လမ်းကြောင်းကနေတစ်ဆင့် ရောက်ရှိလာခဲ့ကြ တဲ့ လူငယ်တွေကလည်း ဒုနဲ့ဒေးပါ။
လူငယ်တွေဟာ တရားမဝင် အလုပ်သမားတွေအနေနဲ့ ရရာ အလုပ်ကို လုပ်ကိုင်နေကြတဲ့ကြားက ထိုင်းအာဏာ ပိုင်တွေရဲ့ ဖမ်းဆီး ခြင်းကို ခံရပြီး မြန်မာနိုင်ငံထဲကို ပြန်ပြီး ပို့ဆောင်ခံရတဲ့အခါမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း စုဆောင်းတာကို ခံခဲ့ရတာတွေလည်း ရှိနေပါတယ်။
အခုလို ဖြစ်စဉ်တွေ ရှိလာတဲ့အပေါ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထိုင်းအာဏာပိုင်တွေကို ဘယ်လို တောင်းဆိုထားပါသလဲ။ လူ့အခွင့်အရေးရှု့ထောင့်ကရော ဘယ်လိုဖြစ်သင့်သလဲ စတာတွေကို ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကို ကိုစောဘွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။