သတင်းထုတ်လွှင့်ချက် - (EP - 344)
အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။
ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်း - ကရင်နီ အစပ် ဒေသတွေထဲ လက်ရှိ ကြုံနေရတဲ့ ရေကြီးရေလျှံမှု တွေကြောင့် စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားရတယ်လို့ လွိုင်ကော် Local PDF တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ဘေးအပြင် ရေဘေးနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို အကူညီပေးနိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော် အကူညီပေးရေးကပဲ အထိရောက်ဆုံးဖြစ်လိမ့်မယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ကရင်နီပြည်နယ်ထဲမှာ မြေမြုပ်မိုင်း ရှင်းလင်းရေး ကိစ္စရပ်က အရမ်းကို အရေးကြီးတဲ့အတွက် အကူအညီပေးဖို့ ဂျပန်လွှတ်တော် အမတ်တွေကို ကရင်နီ တော်လှန်ရေး အင်အားစု တာဝန်ရှိသူက တောင်းဆို လိုက်တဲ့အကြောင်း နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။