သတင်းထုတ်လွှင့်ချက် - (EP - 345)
အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။
KNPP အတွင်းရေးမှူး - ၁ ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်
နှစ်ပါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်ရတဲ့ အဓိက အကြောင်းအရင်းဟာ အုပ်ချုပ်သူ အဆက်ဆက်က ဗဟိုချုပ်ကိုင်မှုကို အခြေခံပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ် ခဲ့တဲ့အတွက်ကြောင့်လို့ တိုင်းရင်းသားတွေက ပြောပါတယ်။
ဗဟိုချုပ်ကိုင်မှု စနစ်ဟာ အမျိုးသားရေး ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင် ပြဿနာတွေကို ပိုပြီး ရှုတ် ထွေးလာစေတယ်လို့ တိုင်းရင်းသားတွေက ဆိုပါတယ်။
ဗဟို ချုပ်ကိုင်မှုစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးက နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အတွက် လာမယ့် အနာဂတ်မှာ တည်ဆောက်မယ့် ဖက်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့ရဲ့ သဘောထားတွေကို လက်ရှိ နွေဦးတော်လှန်ရေးမှာ ထုတ်ဖော်ပြောဆိုလာခဲ့ကြပါတယ်။
တိုင်းရင်းသားတွေအနေနဲ့ အနာဂတ်မှာ ဘယ်လို ပုံစံမျိုးနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် သွားဖို့ ဆန္ဒရှိနေကြပါသလဲ။ လက်ရှိမှာ ဘယ်လို ကြိုတင်ပြင်မှုတွေ လုပ်ဆောင်နေကြပြီလဲ စတာတွေကို ကရင်နီအမျိုး သား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်ကို စောဘွေးက ဆက်သွယ် မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။