Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 346)

အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ နဲ့အတူ ထိပ်ပိုင်းခေါင်းဆောင် ၃ ယောက်ကို အဖွဲ့ကနေ ထုတ်ပယ်လိုက်တဲ့အပေါ် ကာယကံရှင်တွေက ဘယ်လို တုန့်ပြန်လိုက်ပါသလဲ။

ကရင်နီပြည်ရဲ့ တော်လှန်ရေး လက်ရှိ အခြေအနေထိ ခရီးရောက်ခဲ့တာဟာ ပြည်သူလူထုတွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ပံ့ပိုးကူညီမှုတွေ အားကောင်းခဲ့လို့သာ ဖြစ်တယ်လို့ ကယန်း အမျိုးသမီး အစည်းအရုံး (KyWO) က ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

ကရင်နီပြည်နယ်ထဲမှာ မြေမြုပ်မိုင်း ရှင်းလင်းရေး ကိစ္စရပ်က အရမ်းကို အရေးကြီးတဲ့အတွက် အကူ အညီပေးဖို့ ဂျပန်လွှတ်တော် အမတ်တွေကို ကရင်နီ တော်လှန်ရေး အင်အားစု တာဝန်ရှိသူက တောင်းဆို လိုက်တဲ့အကြောင်း နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။