Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 347)

အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။

 PNLO/PNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းနဲ့ ဆက်သွယ်မေးမြန်ချက်

ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA ကို အကောင် အထည် ဖော်နိုင်တဲ့ အခင်းအကျင်းမရှိတော့တာ၊ နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ မဖြစ်နိုင် တော့တဲ့ အနေအထားတွေကြောင့် တွေ့ဆုံဆွေး နွေးမှုတွေ ကို ရပ်ဆိုင်းခဲ့ပြီး တခြားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တွေနဲ့အတူ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်ခဲ့ ပါတယ်။

စစ်ကောင်စီကို တော်လှန်ရေး တိုက်ခိုက်နေတဲ့ တစ်ဖက်မှာတော့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို လုပ် ဆောင်ဖို့ စိတ်အားထက်သန်နေတဲ့ အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး - ၁ ဗိုလ်မှူး ခွန်မင်းသိမ်းနဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး - ၂ နန်းယဉ်ယဉ်စိုး တို့ကို အဖွဲ့ကနေ ထုတ်ပယ်လိုက် တယ်လို့ အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ပြောဆို လိုက်ပါတယ်။ 

PNLO  ရဲ့ အခြေခံမူနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်တဲ့အတွက် အဖွဲ့ချုပ်က ပေးအပ်ထားတဲ့ ရားထူးနဲ့ တာဝန်  အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။

ထုတ်ပယ် ခံရသူ ၃ ယောက်ဟာ လာမယ့် PNLO ရဲ့ စတုတ္ထအကြိမ် ညီလာခံမှာ အယူခံဝင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

PNLO/PNLA အနေနဲ့ သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဘာကြောင့် ထုတ်ပယ်လိုက်တာလဲ။ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းကို စောဘွေးက ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။