Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 348)

အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နားက စစ်ကောင်စီတပ်ရဲ့ စွယ်တော် လက်နက်ကြီးကုန်း ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်ထဲက အောင်မင်္ဂလာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ လို့ ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ဒဏ်ရာရရှိသွားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေအပေါ် ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ် KNDF ဥက္ကဋ္ဌက ဘယ်လို တုန့်ပြန်လိုက်ပါသလဲ ဆိုတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းပေးပို့ချက် တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။