Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 350)

အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။

(IEC) လူသားချင်း စာနာ ထောက် ထားရေးနှင့် ပြန်လည်ထူ ထောင်ရေး ဌာန ဌာနမှူးကြီး ခွံမာတီးယာနနဲ့ ဆက်သွယ်မေးမြန်း

စစ်အာဏာသိမ်းပြီ;နောက် ကရင်နီပြည်နယ်ထဲက ပြည်သူတွေဟာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသလို မကြာသေးခင်က ဖြစ်ပွားလာတဲ့ သဘာဝ ရေဘေးဒဏ်ကိုလည်း စစ်ဘေးရှောင်နေရင်းနဲ့ ထပ်မံ ကြုံတွေ့ခဲ့ ရပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အတွက် အဖကက်ဖက်က ခက်ခဲမှုတွေ ရင်ဆိုင်နေရတဲ့ ပြည်သူ တွေဟာ ရေဘေးဒဏ်ကို ထပ်ပြီး ကြုံတွေ့နေရတဲ့အတွက် နေထိုင်စားသောက်ရေးကအစ အဖက်ဖက်က အကူ အညီတွေ လိုအပ်လာပါတယ်။

အကူအညီ လိုနေတဲ့ စစ်ဘေးနဲ့ ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ သန်း ကျော်လိုအပ်နေပြီး နိုင်ငံတကာအနေနဲ့ ကူညီပေးဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က တောင်းဆိုလိုက်ပါတယ်။ 

ဘာကြောင့် အခုလို တောင်းဆိုလိုက်တာလဲ၊ စစ်ဘေးနဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ အခြေအနေတွေကရော ဘယ်လို ရှိနေပါသလဲ။ ကရင်နီ ပြည် ကြားကာလ အုပ်ချုပ်ရေး ကောင် စီ (IEC) လူသားချင်း စာနာ ထောက် ထားရေးနှင့် ပြန်လည်ထူ ထောင်ရေး ဌာန ဌာနမှူးကြီး ခွံမာတီးယာကို ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။