Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 351)

အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ ထဲ နိုင်ငံတစ်ဝှမ်း လူဦးရေ ၂ သောင်းကျော်ကို အဓမ္မခေါ် ယူ စုဆောင်းခဲ့တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေး (BACS) တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်-နယ်စပ်မြို့ ပန်ဝါကို သိမ်းပိုက်လိုက်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA အဖွဲ့က အဲ့ဒီဒေသမှာ ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ နယ်ခြားစောင့် BGF တပ်ဖွဲ့တွေအနေနဲ့ ဘက်ပြောင်းလာကြဖို့ KIO/KIA က တိုက်တွန်းပြောဆို လိုက်ပါတယ်။ 

ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်ထဲ ဆန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်တွေအပြင် ဒေသခံ တွေပါ အခက်အခဲတွေနဲ့ ကြုံနေကြရ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းပေး ပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။