Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 352)

အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။

မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်နဲ့ ဆက်သွယ်မေးမြန်းချက် 

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေဟာ အနန်းကွင်းရွာရှိ စစ်ကောင်စီ တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို ဩဂုတ်လကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

KNLA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ အနန်းကွင်းဗျူဟာကုန်းဟာ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာ စခန်းတစ်ခု ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ တစ်ဖက်မှာတော့ ဒေသခံပြည်သူတွေဟာ နေရပ်ကိုစွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။

လက်ရှိ စစ်ဘေးရှောင်တွေရဲ့ နောက်ဆုံးအခြေအနေ၊ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ ဘာကြောင့် အနန်းကွင်းဗျူဟာ ကုန်းရဲ့ စစ်ရေးအရအရေးပါပုံ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်ကို စမိုင်းလ်က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။