Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 353)

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကရင်နီပြည်မှာ ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်ပါတဲ့ကြောင်း။ 

ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းရွာနဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက် ဖြစ်နေဆဲ ဆိုတဲ့အကြောင်းနဲ့  

အဲ့ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှု နဲ့ စိတ်ဖိစီးမှုတွေကိုပါ ခံစားနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောလိုက်တဲ့အကြောင်းတွေကို နားဆင် ရဖို့ ရှိနေပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။