သတင်းထုတ်လွှင့်ချက် - (EP - 355)
နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။
ချင်းပြည်နယ် ပလက်ဝဒေသ စစ်ရှောင်တွေ ဆေးဝါး ပြတ်လပ်မှု၊ ကျန်းမာရေး ဆိုင်ရာ ကူညီထောက်ပံ့မှု တွေ မရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ အရပ်သားသေဆုံးမှုတွေထဲ ကလေးတွေပါ သေဆုံးမှုရှိနေတဲ့အကြောင်း သတင်းပေးပို့ချက်။
မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေက သတင်းတွေကို အဓိက ရေးသားနေတဲ့ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အယ်ဒီတာချုပ်အိမ်ကို စစ်ကောင်စီက အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာ ချိပ်ပိတ်လိုက်တဲ့ အကြောင်းတွေ ကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။