သတင်းထုတ်လွှင့်ချက် - (EP - 356)
နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။
ကရင်ပြည်၊ ဖာပွန်ခရိုင်ထဲက ခေါပုတ်စခန်းကို သိမ်းပိုက်ပြီးနောက် တပ်ခွဲမှူး ၃ ယောက်နဲ့အတူ စစ်ကောင်စီ တပ်သား ၁၇ ယောက်ကို ဖမ်းဆီးရမိထားတယ်လို့ (KNU) တပ်မဟာ (၅) က သတင်းထုတ်ပြန်ပါတယ်။
လေကြောင်းထိုးစစ်ဆင်မှု၊ အင်အားတိုးချနေတဲ့ ကြားနေပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရဲ့ အရေး အကြီးဆုံးတပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပါတယ်။
သတင်းပေးပို့ချက်တွေ ထဲမှာတော့ မိုးကုတ် - မန္တလေးလမ်းလွှဲကို ပိတ်ဆို့ထားမှုတွေကြောင့် တခြား လမ်းလွှဲတွေကို အသုံးပြု သွားလာရလို့ အခက်အခဲတွေ ဖြစ်နေကြတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။