Listen

Description

သတင်းထုတ်လွှင့်ချက် - (EP - 357)

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။

ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ အိုင်းမရွာမှာ ကထိန်ပွဲ လုပ်နေချိန် စစ်ကောင်စီတပ်က လေယောဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူတွေ သေဆုံးထိခိုက်မှုတွေ များခဲ့ပါတယ်။

ရှမ်း - ကရင်နီ နယ်စပ်မှာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တို့အကြားက တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါ တယ်။ 

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက် မှုတွေကြောင့် အောက်တိုဘာလထဲမှာ အမျိုးသမီး ၇၁ ယောက် သေဆုံးပြီး ၄၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ပြောဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။